Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

စိန့်အက်တီယန် - ဘရက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၇:၃၀ နာရီ)
စိန့်အက်တီယန်က တန်းမဆင်းရဖို့ရုန်းကန်နေပြီး ထိပ်သီးတွေကို အရှုံးပေးခဲ့ရတယ်။ ဘရက်စ်က ပိုကောင်းတဲ့အသင်ဆိုပေမဲ့ အိမ်ရှင်ကို ကြိုက်တယ်။


လူအယ်ဗာ - ရန်းစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၉:၄၅ နာရီ)
လူအယ်ဗာက နောက်ဆုံး (၂)ပွဲဆက်နိုင်ပြီး တန်းဆင်းဇုန်ရဲ့အပြင်ကို ရောက်လာတယ်။ ရန်းစ်က အမှတ်လိုအပ်ချက်မရှိပါဘူး။ လူအယ်ဗာကိုပဲ ကြိုက်တယ်။


အန်ဂါစ် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် ည ၉:၄၅ နာရီ)
အန်ဂါစ်က လီဂူး(၅)ပွဲဆက် သွင်းဂိုးမဲ့ ရှုံးပွဲတွေကြုံခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ အိမ်ကွင်းမှာ မောင့်ပယ်လီယာကို သေချာပေါက် အနိုင်ကစားလိမ့်မယ်။


အော်ဇေး - လိုင်ယွန် (မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက် နံနက် ၁:၁၅ နာရီ)
အော်ဇေးက နိုင်ပွဲတွေ ပြန်ရနေပေမဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်အားနည်းနေပါပြီ။ နိုင်ပွဲရဖို့ လိုအပ်နေတဲ့ လိုင်ယွန်အ သင်း အနိုင်ကစားပါလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group