
ဘရန့်ဖို့ဒ် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၃၀ နာရီ)
ပြီးခဲ့တဲ့နှစ်ရာသီဆက်တိုက် ဘရန့်ဖို့ဒ်ကွင်းမှာ ဘရိုက်တန်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တယ်။ ဘရိုက်တန် ဒီပွဲလည်း အမှတ်ယူဦးမယ်။
ခရစ္စတယ်ပဲလေ့စ် - ဘုန်းမောက် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၃၀ နာရီ)
ဘုန်းမောက်အသင်း နောက်ဆုံးကစားထားတဲ့ အဝေးကွင်း သုံးပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ နှစ်ရာသီအတွင်း တွေ့ဆုံမှုမှာ အသာရထားတဲ့ ဘုန်းမောက် ရလဒ်ကောင်းလိမ့်မယ်။
အဲဗာတန် - မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၃၀ နာရီ)
အဲဗာတန်အသင်းက အိမ်ကွင်း လေးပွဲဆက်တိုက် သရေကျထားခဲ့တယ်။ ပရီးမီးယားလိဂ်ကနေ ထိပ်ဆုံးငါးသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်လို့ မန်စီးတီးအတွက် အနည်းငယ်ဖိအား လျော့သွားတယ်။ မန်စီးတီးအသင်း သရေလောက်ပဲ ထိန်းကစားသွားမယ်ထင်တယ်။
ဝက်စ်ဟမ်း - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၃၀ နာရီ)
တန်းဆင်းပြီးသား ဆောက်သမ်တန်အတွက် ဘာမှမလိုအပ်တော့ပါဘူး။ ဝက်စ်ဟမ်းအသင်း အိမ်ကွင်းမှာ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
အက်စတွန်ဗီလာ - နယူးကာဆယ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၁၁:၀၀ နာရီ)
အက်စတွန်ဗီလာအသင်း ချန်ပီယံလိဂ်ပွဲကစားခဲ့ရလို့ နယူးကာဆယ်ထက်တော့ ပွဲပိုပန်းနေတယ်။ ပထမအကျော့မှာလည်း နယူးကာဆယ်က ဗီလာကို သုံးဂိုးပြတ်အနိုင်ယူထား တာတွေ့ရတယ်။ ယုံကြည်မှုပိုမြင့်တဲ့ နယူးကာဆယ်ဘက်ကပဲ ရပ်တည်သင့်တယ်။