Eleven Media Group

■ လာလီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဗယ်လက်ကာနို - ဗလင်စီယာ (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၆:၃၀ နာရီ)
ဒီ(၂)သင်းတွေ့ဆုံတဲ့ လာလီဂါနောက်ဆုံး (၈)ပွဲမှာ (၇) ပွဲက (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနဲ့အောက်ပဲ ရှိခဲ့တယ်။ ဗလင်စီယာက အဝေးကွင်းခြေမမှန်လို့ ဗယ်လက်ကာနိုနဲ့ပဲ ရပ်တည်သင့်တယ်။


ဘာစီလိုနာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၄၅ နာရီ)
ဘာစီလိုနာက ချန်ပီယံဆုအတွက် ထိပ်ဆုံးက ဦးဆောင်နေပြီး ဒီလိုပွဲမျိုးကို အမှားခံမှာမဟုတ်ဘူး။ ယမားလ်၊ ရာဖင်ညာတို့ရဲ့ အကောင်းဆုံးပုံစံက ဆယ်လ်တာဗီဂိုခံစစ်ကို ပွဲချိန်ပြည့် ဒုက္ခပေးနိုင်တယ်။ ဆယ်လ်တာဗီဂိုက ဥရောပဝင်ခွင့်ပစ်မှတ်တားနေပေမဲ့ နူးကမ့်မှာတော့ ဘာစီလိုနာကို တားဆီးနိုင်မှာမဟုတ်ဘူး။ ဘာစီလိုနာ အနိုင်သေချာတယ်။


မာယော့ကာ - လီဟာနက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၁၁:၀၀ နာရီ)
မာယော့ကာက လီဟာနက်စ်နဲ့တွေ့တဲ့ နောက်ဆုံး (၃) ပွဲဆက် နိုင်ခဲ့တယ်။ ဒါပေမဲ့ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ လီဟာနက်စ်နဲ့ ရပ်တည်သင့်တယ်။


လက်စ်ပါမားစ် - အက်သလက်တီကို (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၁:၃၀ နာရီ)
အက်သလက်တီကိုက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စိတ်ပူစရာ သိပ်မရှိတော့သလို၊ ချန်ပီယံမျှော်လင့်ချက်လည်း မရှိသလောက် ဖြစ်သွားပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် အက်သလက်တီကိုရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကလည်း မတည်ငြိမ်သေးပါဘူး။ လက်စ်ပါမားစ်နဲ့ အရဲစွန့်ချင်တယ်။

မူရင်းသတင်း — Eleven Media Group