Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

Photo: Bayern

လိုက်ပ်ဇစ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေပြီး ဟော်စတိုင်ကီလ်ကတော့ ဇယားအောက်ဆုံးက လွတ်အောင် ကြိုးစားနေတယ်။ ဒီနှစ်သင်းအကြား ခြေစွမ်းကွာဟမှု ကြီးမားပါတယ်။ လိုက်ပ်ဇစ် ဂိုးပြတ်အနိုင်ယူဖို့ ကြိုးစားပါလိမ့်မယ်။


ဟိုင်းဟိုင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီ ဘွန်ဒစ်လီဂါအဝေး ကွင်းပွဲတွေမှာ မိန့်ဇ်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့တာပါ။ ဟိုင်းဟိုင်အသင်း အမှတ်လိုနေပေမဲ့ အိမ်ကွင်းနောက်ဆုံး (၁၃)ပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသာ သရေကျပြီး ကျန်ပွဲအားလုံး ရှုံးခဲ့တယ်။ ဘိုင်ယန်ကိုပဲ ကြိုက်တယ်။


၀ါဒါဘရီမင် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၀၀ နာရီ)
၀ါဒါဘရီမင်တို့ ဥရောပဝင်ခွင့်တစ်နေရာအတွက် တစ်နေရာအတွက် ကြိုးပမ်းနေပြီး လက်ရှိခြေစွမ်းလည်း ကောင်းနေတယ်။ ဘိုဟုမ်က တန်းဆင်းဇုန်မှာ ရှိနေပြီး ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ ခြေစွမ်းဆိုးနေတယ်။ ၀ါဒါဘရီမင်နဲ့ ဂိုးအများကို ကြိုက်တယ်။


ဖရိုင်းဘတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၀၀ နာရီ)
ဟော်ဖန်ဟင်မ်က တန်းဆင်းဇုန်နဲ့ (၆) မှတ်ပဲ ကွာသေးလို့ ကြိုးစားနေတယ်။ ဖရိုင်းဘတ်ကတော့ နောက်ပိုင်းပွဲတွေ ခြေစွမ်းကျနေသလို တွေ့ရတယ်။ ဟော်ဖန်ဟင်မ် အမှတ်ရနိုင်မယ်ထင်တယ်။


မိန့်ဇ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၈:၀၀ နာရီ)
မိန့်ဇ်အသင်းအနေနဲ့ နောက်ပိုင်းသရေပွဲတွေများလာတယ်။ ဝုလ်ဖ်ဘတ်ကလည်း အဝေးကွင်းဆိုရင် ရုန်းကန်ရလေ့ရှိတာကြောင့် အခုပွဲလည်း သရေထပ်ကျဖို့များတယ်။

အူယွန်းဘာလင် - စတုဂတ် (မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၁၁:၀၀ နာရီ)
စတုဂတ်က နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ဆိုးနေပြီး ရုန်းကန်နေရသလို တွေ့ရတယ်။ အူန်ယွန်းဘာလင်ကလည်း ဘာမှ မျှော်လင့်စရာ သိပ်မရှိတော့တဲ့ အသင်းဖြစ်လို့ ဒီပွဲမှာတော့ စတုဂတ်နဲ့ပဲ အရဲစွန့်ချင်တယ်။

မူရင်းသတင်း — Eleven Media Group