
ဖူလ်ဟမ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၇:၃၀ နာရီ)
ဖူလ်ဟမ်အသင်းက အိမ်ကွင်းနှစ်ပွဲဆက် စပါး၊ လီဗာပူးလ်လိုအသင်းတွေကို ချယ်လ်ဆီးအနေနဲ့ သတိကြီးကြီးထား ကစားရမယ်ထင်တယ်။ ချယ်လ်ဆီးတိုက်စစ်က အားရစရာမရှိပေမဲ့ ရလဒ်ပိုင်းတော့ မဆိုးဘူးပြောရမယ်။ ချယ်လ်ဆီးကိုပဲ ကြိုက်တယ်။
အစ်ဝစ်ချ် - အာဆင်နယ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၇:၃၀ နာရီ)
ချန်ပီယံလိဂ်မှာ လက်ရှိချန်ပီယံ ရီးယဲလ်ကို ဂိုးပြတ်အနိုင်ယူလိုက်တာက အာဆင်နယ်အသင်းကို များစွာယုံကြည်မှု ရှိ သွားစေနိုင်တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ကြောင့် အစ်ဝစ်ချ်ကိုပဲ ရွေးချယ်ချင်တယ်။
မန်ချက်စတာယူနိုက်တက် - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၇:၃၀ နာရီ)
ပထမအကျော့မှာ ဝုလ်ဗ်အသင်းက မန်ယူနိုက်တက်ကို နှစ်ဂိုးပြတ် အနိုင်ကစားခဲ့တယ်။ မန်ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဘက်ကို ပိုအာရုံရောက်နေနိုင်တာကို ထည့်တွက်ရမှာပါ။ ဝုလ်ဗ်နဲ့ စွန့်စားသင့်တယ်။
လက်စတာ - လီဗာပူးလ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၇:၃၀ နာရီ)
လက်စတာအသင်း သချင်္ာနည်းအရသာ မျှော်လင့်ချက်ရှိနေတာဖြစ်ပြီး တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ လီဗာပူးလ်က ချန်ပီယံဖြစ်ဖို့ နီးစပ်နေပါပြီ။ ဒီလိုပွဲမျိုးမှာ လီဗာပူးလ်အသင်း အနိုင်ကစားသွားဖို့ များတယ်။