Eleven Media Group

■ လာလီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဗယ်လာဒိုလစ် - အိုဆာဆူနာ (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ညနေ ၆:၃၀ နာရီ)
ဗယ်လာဒိုလစ်က တန်းပြန်ဆင်းရမယ့်အသင်းဖြစ်ပြီး အရမ်းဆိုးရွားလွန်းပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ အိုဆာဆူနာ နိုင်ပွဲရမှာပါ။


ဗီလာရီးယဲလ် - ဆိုစီဒက် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၈:၄၅ နာရီ)
ဗီလာရီးယဲလ်က လာလီဂါအိမ်ကွင်း (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဆိုစီဒက်ကလည်း နိုင်ပွဲတွေပြန်ရလာတယ်ဆိုပေမဲ့ သိပ်ပြီး ယုံကြည်လို့ မရသေးပါဘူး။ အိမ်ကွင်းမှာ ဗီလာရီးယဲလ် အနိုင်ကစားပါလိမ့်မယ်။


ဆီဗီလာ - အလာဗတ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၁၁:၀၀ နာရီ)
ဆီဗီလာက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပြီး ရှုံးပွဲတွေ တွေ့ခဲ့တယ်။ အလာဗတ်စ်ကလည်း အဝေးကွင်း (၄)ပွဲဆက် မရှုံးသေးဘူး။ ဒါပေမဲ့ ဆီဗီလာကို ကြိုက်တယ်။


ရီးယဲလ်မက်ဒရစ် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်က လာလီဂါချန်ပီယံဆုအတွက် အမှားခံလို့မရတဲ့ အခြေအနေကို ရောက်လာပါပြီ။ အမ်ဘာပေ၊ ဗင်နီစီယပ်စ်တို့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေက မေးခွန်းထုတ်စရာရှိလာပေမဲ့ မကြာမီ Rhythm ပြန်မိလာလိမ့်မယ်လို့ ယူဆရပါတယ်။ အိမ်ကွင်းမှာ ပထမအကျော့ရှုံးကြွေးကို ရီးယဲလ်မက်ဒရစ် ဆပ်လိမ့်မယ်။

မူရင်းသတင်း — Eleven Media Group