Eleven Media Group

■ စီးရီးအေပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အမ်ပိုလီ - ဗင်နီဇီယာ (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ညနေ ၇:၃၀ နာရီ)
တန်းဆင်းဇုန်က အဆင့် အပေါ်၊ အောက် နှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်လို့ ကြည့်ကောင်းမှာ သေချာပါတယ်။ နှစ်သင်းစလုံး လက်ရှိမှာ ရုန်းကန်နေရပြီး ဒီလိုပွဲမျိုးမှာ အိမ်ရှင်အားသာချက်တဲ့ အမ်ပိုလီကိုပဲ ရွေးချယ်ချင်ပါတယ်။


ဘိုလော့ဂ်နာ - အင်တာမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၁၀:၃၀ နာရီ)
ပွဲကောင်းတစ်ပွဲဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တဲ့ ပွဲမျိုးပါပဲ။ ပထမအကျော့တွေ့ဆုံစဉ်ကတော့ အင်တာမီလန်ကို ဘိုလော့ဂ်နာအသင်း ဒုက္ခပေးနိုင်ခဲ့တယ်။ လက်ရှိအချိန်မှာလည်း ဘိုလော့ဂ်နာရဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဒီပွဲမှာ အင်တာမီလန်ရဲ့ တန်ပြန်တိုက်စစ်တွေက အလုပ်ဖြစ်ဖို့များတယ်။ အင်တာမီလန်ကို ကြိုက်တယ်။


အေစီမီလန် - အတ္တလန်တာ (မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် နံနက် ၁:၁၅ နာရီ)
အေစီမီလန်က အတ္တလန်တာနဲ့တွေ့ဆုံတဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိ(၂)သင်းစလုံးရဲ့ ကွင်းတွင်းခြေစွမ်းကို ကြည့်ရင်တော့ တည်ငြိမ်မှုကင်းမဲ့နေတာကို တွေ့ရမှာပါ။ အေစီမီလန်ကလည်း နည်းပြ ကွန်ဆေးဆာအိုလက်ထဲမှာ အထိုင်ကျဖို့ ရုန်းကန်နေရတယ်။ ဒါပေမဲ့ မီလန်မြေမှာတော့ အေစီမီလန်ကိုပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group