
အော့စ်ဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၈:၀၀ နာရီ)
နောက်ပိုင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဖရန့်ဖတ်အသင်းကပဲ အပြတ်အသတ် အသာရထားတယ်။ အော့စ်ဘတ် လက်ရှိရလဒ်ပိုင်း ကောင်းနေပေမဲ့ ဖရန့်ဖတ် အနိမ့်ဆုံးသရေ ကစားမယ်။
ဒေါ့မွန် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၁၀:၀၀ နာရီ)
ဒေါ့မွန်အသင်း အိမ်ကွင်းနိုင်ပွဲ ပြန်ရထားပေမဲ့ စောင့်ကြည့်ရမယ့်အနေအထားပါပဲ။ ဒေါ့မွန်ကွင်းတွေ့ဆုံမှုတွေမှာတော့ အိမ်ရှင်အသင်း အပြတ်အသတ်သာပြီး ၂၀၁၃-၁၄ ရာသီ နောက်ပိုင်းကတည်းက ပွဲတိုင်း အနိုင်ကစားခဲ့တယ်။ ဒီပွဲလည်း ဒေါ့မွန်ပဲ အနိုင်ရဦးမှာပါ။
ဆန့်ပေါ်လီ - လေဗာကူဆင် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၁၂:၀၀ နာရီ)
လေဗာကူဆင်အသင်းက ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်း ပိုကောင်းနေတယ်။ အဝေးကွင်းပွဲတွေမှာ ရှုံးပွဲလုံးဝ မရှိသေးဘူး။ လေဗာကူဆင်ကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။