Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

လိုင်လီ - အော်ဇေး (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၇:၃၀ နာရီ)
အော်ဇေးက အပေါ်မရောက် အောက်မရောက်အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ရှိနေတဲ့ လိုင်လီအတွက် အမှားမခံတဲ့ ပွဲမျိုးပါ။ လိုင်လီကိုပဲ ကြိုက်တယ်။


နိုက်စ် - အန်ဂါစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၉:၄၅ နာရီ)
နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကျနေလို့ နိုက်စ်တို့ ဥရောပဝင်ခွင့်နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်။ အန်ဂါစ်က အဝေးကွင်း ခြေစွမ်းညံ့တဲ့အသင်းဖြစ်လို့ အိမ်ကွင်းမှာ နိုက်စ်တို့ အမှတ်ရဖို့ ကြိုးစားလိမ့်မယ်။


ဘရက်စ် - လန်းစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၉:၄၅ နာရီ)
အဆင့် (၈) နဲ့ အဆင့် (၉) က အသင်းတွေ ထိပ်တိုက်တွေ့ဆုံနေလို့ အကြိတ်အနယ် ရှိလာနိုင်တယ်။ နောက်ပိုင်းပွဲတွေမှာ Rhythm မှန်နေတဲ့အပြင် အိမ်ကွင်းအားသာချက်လည်း ရှိတဲ့ ဘရက်စ်ကိုပဲ ကြိုက်တယ်။

Reims - တူးလူး (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် ည ၉:၄၅ နာရီ)
Reims က တန်းဆင်းဇုန်းအန္တရာယ် ရှိနေသေးလို့ ရုန်းကန်နေတယ်။ တူးလူးက ဘာမျှော်လင့်ချက်မှ မရှိတော့သလို နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းလည်း ကျနေတယ်။ အိမ်ရှင် Reims အနိုင်ရနိုင်တယ်။


စိန့်အက်တီယန် - လိုင်ယွန် (မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် နံနက် ၁:၁၅ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လိုင်ယွန်တို့ အမှားခံဖို့ မရှိဘူး။ တန်းဆင်းဇုန်က စိန့်အက်တီယန်အနေနဲ့ လိုင်ယွန်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ လိုင်ယွန်ပဲ ဂိုးပြတ်အနိုင်ရသွားပါလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group