
မန်ယူအသင်းသည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူရန်အတွက် ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းနှင့် အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် အိုဆင်မန်ကို ခေါ်ယူရန် ပြီးခဲ့သည့်နှစ်များကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး လာမည့်နွေရာသီ၌ ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရာသီက ဂါလာတာစာရေးအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ကစားခဲ့သည့် အိုဆင်မန်သည် ပရီးမီးယားလိဂ်၌ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
ထို့ပြင် နာပိုလီအသင်းကလည်း ဟွိုင်လန်းအား ခေါ်ယူလိုနေရာ မန်ယူနိုက်တက်အသင်းက အိုဆင်မန်အတွက် ၎င်းကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်လာခြင်းဖြစ်သည်။
နာပိုလီအသင်းသည် အိုဆင်မန်အတွက် ဟွိုင်လန်းအပြင် ပြောင်းရွှေ့ရန် ယူရိုသန်း (၄၀) အလိုရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။