Eleven Media Group

■ စီရော်နယ်လ်ဒိုကို သက်တမ်းတိုးလိုသည်ဟု အယ်လ်နာဆာ အားကစားဒါရိုက်တာ ဆို

Photo: Getty Images

အယ်လ်နာဆာအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဖာနန်ဒိုဟီယာရိုက စီရော်နယ်လ်ဒိုကို သက်တမ်းတိုးလိုသည် ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းတွင် ကမ္ဘာ့စံချိန်တင်လစာနှုန်းထား ရရှိခဲ့သော်လည်း လာမည့် ဇွန်(၃၀)တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

စီရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနှင့် အခန်းကဏ္ဍ ပြီးဆုံးသွားပြီဟု ပြောကြားခဲ့သော်လည်း ဟီယာရိုကမူ စီရော်နယ်လ်ဒိုကို အသင်းတွင် ဆက်ရှိစေလိုကြောင်းနှင့် သက်တမ်းတိုးရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၄၀) အရွယ်ရှိ စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းတွင် (၂) ရာသီခွဲကာလအတွင်း (၁၁၁) ပွဲတွင် (၉၉) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ သို့သော် ၎င်းသည် အယ်လ်နာဆာအသင်းနှင့် အဓိကဆုဖလားများကို ရယူနိုင်ခြင်းမရှိသည့်အတွက် အသင်းမှထွက်ခွာလိုနေကြောင်း သတင်းထွက်နေသည်။

လက်ရှိအချိန်၌ စီရော်နယ်လ်ဒိုကို ဘရာဇီးလ်ကလပ်အသင်းတစ်သင်းက ကမ်းလှမ်းထားကြောင်း သတင်းထွက်နေသည်။

မူရင်းသတင်း — Eleven Media Group