
လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း စတီဗင်ဂျရတ်သည် အသင်းဟောင်း ရိန်းဂျားစ် အသင်း၏ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ဂျရတ်(၄၄ နှစ်) သည် ၂၀၂၅ ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
ထို့ကြောင့် ရိန်းဂျားစ်အသင်းက ပြန်လည်လက်တွဲရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းက ဆော်ဒီလိဂ်တွင်သာ နည်းပြအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် ဆန္ဒရှိနေသည့်အတွက် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျရတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆော်ဒီလိဂ်ကလပ်အသင်းအချို့က စိတ်ဝင်စားနေကြောင်းလည်း သိရသည်။