
ဆန်းတို့စ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက အနာဂတ်အတွက် ဇွန်(၁၂)နောက်ပိုင်းတွင် ဆုံးဖြတ် မည်ဟု ပြောကြားခဲ့သည်။
နေမာ(၃၃ နှစ်)သည် ဆန်းတို့စ်အသင်းနှင့် ကာလတိုစာချုပ်သာ ချုပ်ဆိုထားသည့်အတွက် လာ မည့် ဇွန်(၃၀)တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဆန်းတို့စ်အသင်းက ၎င်းကို အနည်းဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အသင်းတွင် ဆက်ရှိစေလိုသော်လည်း နေမာကမူ ၎င်း၏ ကြံ့ခိုင်မှုအခြေအနေကို တွက်ဆနေခြင်းဖြစ်ကြောင်း သိရသည်။
နေမာက လက်ရှိအချိန်၌ အနာဂတ်အတွက် အဖြေမရှိသေးကြောင်းလည်း ပြောကြားခဲ့သည်။
နေမာသည် ဆန်းတို့စ်အသင်းတွင်လည်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၁) ပွဲသာ ကစားထားပြီး (၃) ဂိုးသာ သွင်းယူထားသည်။