
PSG အသင်းမှ အီတလီဂိုးသမား ဒွန်နာရမ်မာ၏ အေးဂျင့်ဖြစ်သူက ဒွန်နာရမ်မာ၏ အနာဂတ်မှာ သေချာခြင်းမရှိဟု ဝန်ခံပြောကြားခဲ့သည်။
ဒွန်နာရမ်မာ(၂၆ နှစ်)သည် PSG အသင်းတွင် လက်စွမ်းပြနေသော်လည်း ၎င်း၏ စာချုပ်မှာ ၂၀၂၆ တွင် ကုန်ဆုံးမည်ဖြစ်သည်။
သို့သော် PSG အသင်းအသင်းသည် အသင်းအဓိကဂိုးသမားဖြစ်သူ ဒွန်နာရမ်မာအား သက်တမ်းတိုးရန်အတွက် လက်ရှိအချိန်အထိ လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် ယခုနွေတွင် ဒွန်နာရမ်မာအား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
ယခုအခါ ဒွန်နာရမ်မာ၏ အေးဂျင့်ဖြစ်သူက ယခုနွေတွင် ဒွန်နာရမ်မာအတွက် ကမ်းလှမ်းမှုများကို တံခါးဖွင့်ကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။