
နာပိုလီအသင်းအား ပထမဆုံးကိုင်တွယ်သည့်ရာသီမှာပင် စီးရီးအေချန်ပီယံ ဆုရယူပေးနိုင်ခဲ့သည့် နည်းပြ ကွန်တီအနေဖြင့် လာမည့်ရာသီတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ဥက္ကဋ္ဌဖြစ်သူ ဒီလော်ရန်းတစ်က အတည်ပြုပြောကြားသည်။
ကွန်တီ (၅၅ နှစ်) သည် နာပိုလီအသင်းအား ချန်ပီယံဆုရယူပေးခဲ့ပြီးနောက် မတူညီသည့် စီးရီးအေကလပ် သုံးသင်း (ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ နာပိုလီ)နှင့် စီးရီးအေချန်ပီယံဆု ရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ထားသည်။
၎င်းအနေဖြင့် ဘုတ်အဖွဲ့နှင့် ဆက်ဆံရေးအဆင်မပြေသောကြောင့် ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်က "ကွန်တီအတွက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘဝမှာ အောင်မြင်မှုတွေ ဆက်ပြီးရစေဖို့ ကျွန်တော် ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ် အန်တိုနီယို"ဟု ပြောကြားသည်။