
မန်ယူအသင်းနောက်ခံကစားသမား မက်ဂွိုင်းရားက လာမည့် ၂၀၂၅-၂၆ ရာသီ တွင် အသင်း၌ အပြောင်းအလဲများစွာကို မြင်တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၄- ၂၅ ရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့် ၁၅ သာ ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
ထို့ပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့သဖြင့် နစ်နာခဲ့ရပြီး လာမည့်ရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့်နှင့်ပါ လွဲချော်ခဲ့ရသည်။
ထို့ကြောင့် မန်ယူအသင်းသည် ယခုနွေတွင် အပြောင်းအလဲများစွာ ပြုလုပ်မည်ဖြစ်ပြီး အသင်းကစားသမားအများအပြားကို ရောင်းချကာ ကစားသမားသစ်များ ပြန်လည်ခေါ်ယူဖွယ်ရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။
ဗြိတိန်မီဒီယာများ၏ဖော်ပြမှုအရ မန်ယူအသင်းသည် ယခုနွေရာသီတွင် အသင်းရှိကစားသမားအားလုံးအတွက် ကမ်း လှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိနေကြောင်း သိရှိရသည်။
ယခုအခါ မန်ယူနောက်ခံကစားသမား မက်ဂွိုင်းရားက လာမည့်ရာသီတွင် အသင်း၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မက်ဂွိုင်းရားက "အခုနွေရာသီမှာ ကျွန်တော်တို့အ နေနဲ့ အပြောင်းအလဲများစွာ ပြုလုပ်ဖို့ ရှိနေပါတယ်။ အသင်းကစားသမားအများစုဟာ အသင်းက ထွက်ခွာသွားနိုင်ဖို့ ကစားသမားသစ်တွေ အများကြီးရောက်လာဖို့ မျှော်လင့်ပါတယ်။ အသင်းလမ်းကြောင်းမှန်ပေါ်ကို ရောက်အောင် လုပ်ဆောင်ဖို့က အသင်းတာဝန်ရှိသူတွေရဲ့ တာဝန်ဖြစ်ပြီး အသင်းရဲ့စီမံ ကိန်းတွေမှာ ပါဝင်နိုင်အောင် ကြိုးစားဖို့က ကျွန်တော်တို့ကစားသမားတွေရဲ့ တာဝန် ဖြစ်ပါတယ်"ဟု ပြောကြားသည်။