Eleven Media Group

■ လက်ရှိချန်ပီယံ ဥရုဂွေးအသင်း မပါဝင်သည့် ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုုပ်စုမဲခွဲပွဲအခမ်းအနားပြုလုပ်

Photo: FIFA U20 World Cup

လက်ရှိချန်ပီယံ ဥရုဂွေးအသင်း မပါဝင်သည့် ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိချန်ပီယံ ဥရုဂွေးအသင်းမှာ ၂၀၂၅ တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ၌ အဆင့် ၅ နေရာသာ ရပ်တည်နိုင်သဖြင့် ၂၀၀၅ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲမအောင်မြင်ခြင်းဖြစ်သည်။

၂၄ ကြိမ်မြောက် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို စုစုပေါင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး သမုဒ္ဒရာပိုင်းဇုန်မှ နယူးကာလီဒိုနီးယား အသင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင် မြင်ထားသည်။

အုပ်စုမဲခွဲမှုအရ အုပ်စု(A)တွင် ချီလီ၊ နယူးဇီလန်၊ ဂျပန်၊ အီဂျစ်၊ အုပ်စု(B)တွင် တောင်ကိုရီးယား၊ ယူကရိန်း၊ ပါရာဂွေး၊ ပနားမား၊ အုပ်စု(C)တွင် ဘရာဇီး၊ မက္ကဆီကို၊ မော်ရိုကို၊ စပိန်၊ အုပ်စု(D)တွင် အီတလီ၊ သြစတြေးလျ၊ ကျူးဘား၊ အာဂျင်တီးနား၊ အုပ်စု (E)တွင် အမေရိကန်၊ နယူးကယ်လီဒိုနီးယား၊ ပြင်သစ်၊ တောင်အာဖရိက၊ အုပ်စု(F)တွင် ကိုလံဘီယာ၊ ဆော်ဒီအာရေဗျ၊ နော်ဝေ၊ နိုင်ဂျီးရီးယားအသင်းတို့ ပါဝင်နေသည်။

ယင်းပြိုင်ပွဲကို ချီလီနိုင်ငံ၌ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။

■ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲမှု

အုပ်စု (A) ◘ ချီလီ၊ နယူးဇီလန်၊ ဂျပန်၊ အီဂျစ်
အုပ်စု (B) ◘ တောင်ကိုရီးယား၊ ယူကရိန်း၊ ပါရာဂွေး၊ ပနားမား
အုပ်စု (C) ◘ ဘရာဇီး၊ မက္ကဆီကို၊ မော်ရိုကို၊ စပိန်
အုပ်စု (D) ◘ အီတလီ၊ သြစတြေးလျ၊ ကျူးဘား၊ အာဂျင်တီးနား
အုပ်စု (E) ◘ အမေရိကန်၊ နယူးကာလီဒိုနီးယား၊ ပြင်သစ်၊ တောင်အာဖရိက
အုပ်စု (F) ◘ ကိုလံဘီယာ၊ ဆော်ဒီအာရေဗျ၊ နော်ဝေ၊ နိုင်ဂျီးရီးယား

မူရင်းသတင်း — Eleven Media Group