Eleven Media Group

ဘရူနိုဖာနန်ဒက်စ်နေရာ  အစားထိုးရန် စပို့တင်းလစ္စဘွန်းမှ ပတ်ဒရိုဂွန်ကယ်လ်ဗက်စ်ကို မန်ယူအသင်း ပစ်မှတ်ထားနေ

Photo: Reuters

မန်ယူအသင်းသည် ယခုနွေရာသီတွင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဆုံးရှုံးခဲ့ရပါက စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား ပတ်ဒရိုဂွန်ကယ်လ်ဗက်စ်ကို ခေါ်ယူအစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဘရူနိုဖာနန်ဒက်စ်ကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ပြောင်းရွှေ့ကြေးပေါင် သန်း(၁၀၀)ဖြင့် ကမ်းလှမ်းရန်စီစဉ်နေသလို၊ ၎င်း၏အေးဂျင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ထို့ ကြောင့် မန်ယူအသင်းက ဘရူနိုဖာနန်ဒက်စ်အား လက်လွှတ်ခဲ့ရပါက ပတ်ဒရိုဂွန်ကယ်လ်ဗက်စ်ကို ခေါ်ယူအစားထိုးရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပတ်ဒရိုဂွန်ကယ်လ်ဗက်စ်(၂၆ နှစ်)သည် ၂၀၂၂-၂၃ နှင့် ၂၀၂၃-၂၄ ရာသီများတွင် ပေါ်တူဂီလိဂ်၏ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင်မူ တံကောက်ကြောဒဏ်ရာကြောင့် ပြိုင်ပွဲစုံ(၁၂)ပွဲ သာ ကစားနိုင်ခဲ့သည်။
သို့သော် ဒဏ်ရာမှ ပြန်ကောင်းလာချိန်၌ ခြေစွမ်းပြနိုင်သည့်အတွက် မန်ယူအသင်းက ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။
ပတ်ဒရိုဂွန်ကယ်လ်ဗတ်စ်သည် ဆယ်ကျော်သက်အရွယ်က ဝုလ်ဗ်အသင်းသို့ ရောက်ရှိခဲ့သော်လည်း လိဂ်ဖလားပွဲစဉ်တစ်ပွဲသာ ကစားခွင့်ရခဲ့ကြောင်း သိရသည်။
၎င်းသည် အာမိုရင်မ်၏ ခေါ်ယူမှုဖြင့် စပို့တင်းလစ္စဘွန်းအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ၎င်းအတွက် ပေါင်သန်း(၇၀)ဝန်းကျင် သုံးစွဲရဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group