
အင်တာမီလန်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းထွက်နေတဲ့ မာဆေးလ်နည်းပြ ဒီဇယ်ဘီက သူ့အနေနဲ့ အင်တာမီလန်အသင်းနဲ့ အဆက်အသွယ်မရှိဘူးလို့ ငြင်းဆန်ပြောကြားခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG ကို (၀-၅) ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ဇွန် (၃) ရက်မှာပဲ အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီနဲ့ နှစ်ဦးသဘောတူလမ်းခွဲကြောင်း ကြေညာခဲ့တာပါ။
အင်တာမီလန်အသင်းဟာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြ ဆီမြွန်နီအင်ဇာဂီရဲ့နေရာမှာ အစားထိုးဖို့အတွက် မာဆေးလ်အသင်းနည်းပြ ဒီဇယ်ဘီကို ချိတ်ဆက်နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ မာဆေးလ်နည်းပြ ဒီဇယ်ဘီကတော့ သူ့အနေနဲ့ အင်တာမီလန်အသင်းနဲ့ အဆက်အသွယ်မရှိသလို ဘယ်အသင်းကမှ သူ့ကို ချိတ်ဆက်နေတာမျိုး မရှိဘူးလို့ ပြောကြားခဲ့တာပါ။
ဒီဇယ်ဘီက "ကျွန်တော့်ကို ဘယ်သူမှ မဆက်သွယ်ပါဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကပေါ့။ မာဆေးလ်အသင်းမှာ ကျွန်တော် အဆင်ပြေပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ သိပ်မကြာခင်မှာ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်သင်းသင်းက ကျွန်တော့်ကို ဆက်သွယ်လာနိုင်လားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ဘယ်သူမှ ကျွန်တော့်ကို ဆက်သွယ်တာမျိုး မရှိပါဘူး"လို့ ပြောကြားခဲ့တာပါ။
အသက် (၄၅) နှစ်အရွယ် အီတလီလူမျိုးနည်းပြ ဒီဇယ်ဘီဟာ မာဆေးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာပါ။