Eleven Media Group

■ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

Photo: Reuters

ဂျာမနီ - ပေါ်တူဂီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၈ ရက် နံနက် ၁:၁၅ နာရီ)
နာဂယ်လ်စ်မန်းက ဂျာမနီအသင်းကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိသာ ပို့ဆောင်ပေးနိုင်ခဲ့ပြီးတဲ့ နောက် Nations League ပွဲစဉ်တွေမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီး ခြေစစ်ပွဲအဆင့် ပွဲစဉ် (၈) ပွဲမှာ (၅) ပွဲနိုင်၊ (၃) ပွဲသရေကျခဲ့တာကို တွေ့ရတယ်။ ဒီပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ဆက်လက်လက်ခံကျင်းပသွားမှာဖြစ်လို့ ဂျာမနီအတွက် အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဂျာမနီအသင်းရဲ့လူစာရင်းမှာ ကိုင်ဟားဗတ်ဇ်၊ မူစီယယ်လာတို့လို ကစားသမားတွေ မပါနိုင်တာက ဂျာမနီကို အားလျော့စေပြီး ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းရဲ့ ကွင်းလယ်အတွဲဖြစ်တဲ့ ဗီတင်ညာ-ဂျော်အိုနယ်လ်ဗတ်စ်တို့နဲ့ ဘရူနိုဖာနန်ဒက်စ်လို ကစားသမားတွေရှိနေတာ၊ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၊ နူနိုမန်ဒက်စ်တို့အပါအဝင် ကြယ်ပွင့် ကစားသမားတွေအများကြီးပို်င်ဆိုင်ထားတဲ့အချက်က ဂျာမနီအတွက် ခက်ခဲစေလိမ့်မယ်။ ပေါ်တူဂီသာ ပုံမှန် ခြေကစားနိုင်ရင် ဂျာမနီကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။

■ ဂျာမနီနှင့် ပေါ်တူဂီအသင်းတို့တွေ့ဆုံသည့် နောက်ဆုံး (၅)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။
■ ဂျာမနီအသင်းသည် UEFA Nations League နောက်ဆုံး (၉)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၅)ပွဲအနိုင်ရခဲ့သလို၊ (၃)ဂိုးနှင့်အထက် သွင်းနိုင်သည့်ပွဲမှာလည်း (၄)ပွဲရှိခဲ့သည်။

မူရင်းသတင်း — Eleven Media Group