Eleven Media Group

■ ရိုင်ဒါစ်ကို ခေါ်ယူဖို့ မန်စီးတီးအသင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်

Photo: Sky Sports

မန်စီးတီးအသင်းဟာ အေစီမီလန်ကွင်းလယ်ကစားသမား ရိုင်ဒါစ်ကို ပေါင် (၅၉) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်ပေါ်နေပါတယ်။

မန်စီးတီးအသင်းဟာ အခုနွေရာသီမှာ အသင်းကို အပြောင်းအလဲကြီးကြီးမားမားပြုလုပ်ဖို့ စီစဉ်နေပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ရိုင်ဒါစ်နဲ့ အရင်အပတ်ကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီး အခု အေစီမီလန်အသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိခဲ့တာလို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဒီဘရိုင်းနားနဲ့ အခုနွေမှာ အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ ဂရီးလစ်ရှ်တို့ရဲ့ နေရာတွေမှာ အစားထိုးဖို့ ကွင်းလယ်ကစားသမားသစ်တွေ ရှာဖွေနေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အခု နယ်သာလန်ကွင်းလယ်ကစားသမား ရိုင်ဒါစ်(၂၆ နှစ်)ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး လိုင်ယွန်အသင်းက ပြင်သစ်ကွင်းလယ်ကစားသမား ချာကီကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group