
မန်စီးတီးအသင်းဟာ လိုင်ယွန်ကွင်းလယ်ကစားသမား ချာကီကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ Goal.com က ဖော်ပြခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အခုနွေမှာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားရဲ့နေရာမှာ အစားထိုးဖို့အတွက် ချာကီကို အလိုရှိနေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မန်စီးတီးအသင်းအနေနဲ့ အသက် (၂၁) နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမား ချာကီကို ခေါ်ယူဖို့ သဘောတူညီမှု ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းနဲ့ ဆွေးနွေးမှုမှာလည်း တိုးတက်နေတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ချာကီကို ခေါ်ယူဖို့အတွက် လိုင်ယွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေး ပေါင် (၂၅) သန်းကို ပေးချေဖို့ အသင့်ရှိနေတယ်လို့လည်း Goal.com က ဖော်ပြခဲ့ပါတယ်။
ချာကီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄) ပွဲမှာ (၁၂) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု အကြိမ် (၂၀) အထိ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။