
အက်သလက်တီကို၀ါရင့်တိုက်စစ်ကစားသမား အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဂရီးဇ်မန်းကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အသက် (၃၄) နှစ်အရွယ် ဂရီးဇ်မန်းက အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့တာပါ။
ဂရီးဇ်မန်းက "အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာကြောင့် ကျွန်တော် အရမ်းပျော်ပြီး၊ အရမ်းလည်း ဂုဏ်ယူပါတယ်။ ကျွန်တော့်ကို အရွယ်ပေါင်းစုံသော အသင်းပရိသတ်တွေ အားပေးကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် ကူညီခဲ့ကြတာပါ။ သူတို့ကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ပရိသတ်တွေအနေနဲ့ လာမယ့်နှစ်တွေမှာ သမိုင်းသစ် ရေးထိုးချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဂရီးဇ်မန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၅၃) ပွဲမှာ (၁၆) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။