
စပိန် နှင့် ပြင်သစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ကီလီယန်အမ်ဘာပေနဲ့ လာမင်းယမားလ်တို့ ထပ်မံရင်ဆိုင်ရဦးမယ့် ပွဲလို့ ပြောရမယ်။ နှစ်ဦးစလုံးက ဒီရာသီ Ballon d'Or အတွက် ထိပ်ဆုံးက ရေပန်းစားနေသူတွေမဟုတ်တော့ပဲ ဒမ်ဘီလီက ပိုအားကောင်းသွားတဲ့အခြေအနေမှာ Nations League မှာ ဘာလုပ်ပြနိုင်မလဲဆိုတာက မျှော်လင့်ချက်တွေရှင်သန်စေလိမ့်မယ်။ ဒီရာသီ ကလပ်အသင်းအဆင့်ပွဲစဉ်တွေမှာ ယမားလ်၊ ပတ်ဒရီတို့ရဲ့ ဘာစီလိုနာက အမ်ဘာပေ၊ ကာမာဗင်ဂါ၊ ချူအာမန်နီတို့ရဲ့ ရီးယဲလ်မက်ဒရစ်ကို အကြိမ်ကြိမ်အသာစီးယူခဲ့သလို၊ ပြီးခဲ့တဲ့ ယူရိုမှာလည်း စပိန်က ပြင်သစ်ကို အလဲထိုးခဲ့တယ်။ ဒါပေမဲ့ လက်ရှိ ပြင်သစ်အသင်းမှာ တိုက်စစ်ကြယ်ပွင့် ထွက်ပေါ်မှုနှုန်းက အမြင့်ဆုံးအဆင့်မှာ ရှိနေပြီး ဒမ်ဘီလီ၊ ဒီဇီရေဒူဝေ၊ ဘာကိုလာ၊ အိုလီဆေး၊ ချက်ကရီ၊ မားကပ်စ်သူရမ် တို့လို ကြယ်ပွင့်တွေနဲ့ စပိန်ကို ထိုးနှက်ဖို့ အသင့်ပါပဲ။ စပိန်က ကွင်းလယ်သာပေမယ့် ခံစစ်နဲ့ တိုက်စစ်မှာ ပြင်သစ်ပိုကောင်းပါတယ်။ ပြင်သစ်အနိုင်ရဖို့ များတယ်။