Eleven Media Group

တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲပွဲစဉ်မှာ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတစ်ခု၊ ကြေးတစ်ခု ထပ်မံရရှိပြီး ပြိုင်ပွဲအပြီး ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူး

Photo: Facebook

မြန်မာပိုက်ကျော်ခြင်းအသင်းဟာ ဇွန် ၃၊ ၄ ရက်ကကျင်းပတဲ့ တရုတ်-အာဆီယံ ပိုက်ကျော်ခြင်း လေးယောက်တွဲပွဲစဉ်မှာ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် တစ်ခု ထပ်မံ ဆွတ်ခူးရရှိပါတယ်။

ဇွန် ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပတဲ့ တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား လေးမျိုး ထည့်သွင်းကျင်းပပြီး မြန်မာပိုက်ကျော်ခြင်းအသင်းဟာ ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခုဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာပိုက်ကျော်ခြင်းအသင်းဟာ လေးယောက်တွဲ အမျိုးသားပွဲစဉ်မှာ ရွှေတံဆိပ်ဆုရရှိပြီး အမျိုးသမီးပွဲစဉ်မှာ ကြေးတံဆိပ် ရရှိခဲ့တာပါ။

အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွေမှာ မလေးရှားအသင်းကို နှစ်ပွဲ ပြတ်၊ ဗီယက်နမ်အသင်းကို (၂-၁) ပွဲနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်မှာ အိမ်ရှင်တရုတ်အသင်းကို ၁၅-၁၁ မှတ်၊ ၁၅-၅ မှတ်နဲ့ နှစ်ပွဲပြတ် အနိုင်ရခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ဗီယက်နမ်အသင်းနဲ့ ပြန်လည်တွေ့ဆုံရာ (၂-၁) ပွဲနဲ့ ထပ်မံအနိုင်ရရှိပြီး ရွှေ့တံဆိပ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group