Eleven Media Group

ကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတဲ့အသင်း ချန်ပီယံအမှတ်တံဆိပ်ကို လေးနှစ်ကြာ တပ်ဆင်ခွင့်ရမယ်

Photo: FIFA

လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ချန်ပီယံအမှတ်တံဆိပ်ကို အကျႌရင်ဘတ်မှာ လေးနှစ်ကြာ တပ်ဆင်ခွင့်ရမယ်လို့ သိရပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ စတင်ခဲ့တာပါ။
နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၃ ပြိုင်ပွဲအထိ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပေမဲ့ လာမယ့် ၂၀၂၅ ပြိုင်ပွဲကစပြီး လေးနှစ်တစ်ကြိမ် ကျင်းပသွားမှာပါ။
ဒါကြောင့် ဒီနှစ် ချန်ပီယံဖြစ်တဲ့အသင်းဟာ လာမယ့် ၂၀၂၉ ပြိုင်ပွဲမတိုင်ခင်အထိ ချန်ပီယံအမှတ်တံဆိပ်ကို အကျႌရင်ဘတ်မှာ လေးနှစ်ကြာ တပ်ဆင်ခွင့်ရမှာဖြစ်ပါတယ်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို (၃၂)သင်းအဖြစ် တိုးမြှင့်ထားသလို၊ ချန်ပီယံအမှတ်တံဆိပ်ကိုလည်း အပြောင်းအလဲလုပ်ထားတယ်လို့ သိရပါတယ်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပကလပ်အသင်းတွေက အရေအတွက်အများဆုံးအဖြစ် (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာလည်း ဦးဆောင်နေပါတယ်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၄ ကနေ ဇူလိုင် ၁၃ အထိ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာပါ။

မူရင်းသတင်း — Eleven Media Group