
ချယ်လ်ဆီးအသင်းက အစ်ဝစ်ချ်ကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူးအသစ် ဒီလပ်ကို ကျောနံပါတ်(၉)ပေးအပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ဒီလပ်က ချယ်လ်ဆီးအသင်းကို ပေါင်သန်း(၃၀)နဲ့ ရောက်ရှိလာတာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ ၆ နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၂ ဂိုးသွင်းခဲ့တဲ့ ဒီလပ်ကို မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ချယ်လ်ဆီးက လက်ဦးမှုရခဲ့တာပါ။
ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ်(၉)က အူဘာမီယန်း ထွက်ခွွာသွားပြီးတဲ့နောက် ဝတ်ဆင်သူမရှိဘဲ လစ်လပ်နေခဲ့တာပါ။
ချယ်လ်ဆီးအသင်းက ဒီလပ်ကို ကျောနံပါတ်(၉) ပေးအပ်ခဲ့တာကြောင့် တို်က်စစ်မှူး ထပ်ခေါ်တော့မှာမဟုတ်ဘူးလို့ သုံးသပ်မှုတချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။