Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

Photo: EFE

အီကွေဒေါ နှင့် ဘရာဇီးလ် (မြန်မာစံတော်ချိန် သောကြာနံနက် ၅း၃၀ နာရီ)

ဘရာဇီးလ်အသင်းနည်းပြသစ် အန်ဆယ်လော့တီရဲ့ ပွဲဦးထွက်က အီကွေဒေါလိုအသင်းနဲ့ အဝေးကွင်းကစားရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းနေတယ်။ နှစ်သင်းစလုံးရဲ့လက်ရှိအနေအထားအရ ခြေစစ်ပွဲအောင်မြင်ဖို့အတွက်လည်း သိပ်ပူပန်စရာ မရှိပါဘူး။ အန်ဆယ်လော့တီရဲ့အဓိကပစ်မှတ်က ခံစစ်ပိုင်းကို ဦးစားပေးတည်ဆောက်မယ့်ပုံ ရှိနေပြီး တိုက်စစ်ကတော့ ကစားသမားပေါများလို့ ရွေးချယ်မှုအပိုင်းမှာ ခေါင်းခဲရမယ့်အနေအထားရှိတယ်။ ဘရာဇီးလ်အသင်းမှာ ကက်စီမီရိုလို ၀ါရင့်ကစားသမားတချို့ ပြန်ပါလာပြီး အန်ဆယ်လော့တီရဲ့ Beginner Luck ကိုတော့ စောင့်ကြည့်ရမယ်။ အီကွေဒေါကတော့ ပထမအကျော့ ဘရာဇီးလ်ကို အရေးနိမ့်ပြီးကတည်းက ခြေစစ်ပွဲတွေမှာ ရှုံးပွဲမရှိသေးဘူး။ ဘရာဇီးလ်အသင်း အဝေးကွင်းမှာ မနိုင်လောက်ဘူးထင်တယ်။

ပါရာဂွေး နှင့် ဥရုဂွေး (မြန်မာစံတော်ချိန် သောကြာနံနက် ၅း၃၀ နာရီ)

အာဂျင်တီးနားနိုင်ငံသား နာမည်ကျော်နည်းပြ ဘီယဲလ်ဆာ ကိုင်တွယ်နေတဲ့ ဥရုဂွေးအသင်းကတော့ နောက်ပိုင်းခြေအနည်းငယ်ကျလာခဲ့တယ်။ ဘီယဲလ်ဆာအားထားတဲ့ တောင်ပံကစားသမား အာရူဟိုနဲ့ ပယ်လစ်ထရီတို့ကလည်း Teamwork ကောင်းမှသာ အဆင်ပြေပြီး တစ်ကိုယ်တော်ခြေစွမ်းက သာမန်ထက် ပိုရုံလောက်ပဲ ရှိပါတယ်။ တိုက်စစ်မှာ နူးနက်ဇ်ကလွဲလို့ အရှိန်အဝါမရှိတာကလည်း ဥရုဂွေးရဲ့အဓိကအားနည်းချက်လို ဖြစ်နေတယ်။ ပါရာဂွေးအသင်းက လက်ရှိ Form အတော်လေးကောင်းနေတယ်။ အိမ်ကွင်းမှာ ဘရာဇီးလ်၊ အာဂျင်တီးနားတို့လို တောင်အမေရိကစူပါပါ၀ါအသင်းတွေကိုတောင် အနိုင်ကစားထားတဲ့ ပါရာဂွေးခြေစွမ်းက ဥရုဂွေးကို ကောင်းကောင်းဒုက္ခပေးနိုင်စွမ်း ရှိနေတယ်။ ဥရုဂွေးအသင်း သရေထက် ပိုမရနိုင်ဘူး။

ချီလီ နှင့် အာဂျင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ရး၃၀ နာရီ)

အာဂျင်တီးနားအသင်းက ခြေစစ်ပွဲအောင်မြင်ပြီးသား အသင်းဖြစ်ပေမဲ့ သူ့အကြိုက် အဓိကစားသမားအားလုံးနီးပါးကို နည်းပြ စကာလိုနီက ရွေးချယ်ထားတယ်။ စကာလိုနီက အပြောင်းအလဲ ကြီးကြီးမားမား လုပ်လေ့မရှိသူဖြစ်လို့ အမာခံကစားသမားအများအပြားနဲ့ ပွဲထွက်လာနိုင်တယ်။ ချီလီကတော့ Play-offs ကစားခွင့်အတွက် မျှော်လင့်နိုင်ဆဲဖြစ်ပေမဲ့ အသင်းခြေစွမ်းအရတော့ ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။ တောင်အမေရိကဇုန်မှာ နောက်ဆုံးမရောက်အောင်ပဲ ရုန်းကန်ရပါလိမ့်မယ်။ ဒါပေမဲ့ အာဂျင်တီးနား အမှတ်မလိုလို့ ချီလီနဲ့ စွန့်စားချင်တယ်။

မူရင်းသတင်း — Eleven Media Group