Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲကြိုသုံးသပ်ချက်

Photo: ESPN

သြစတြေးလျ နှင့် ဂျပန် (မြန်မာစံတော်ချိန် ကြာသပတေးညနေ ၅း၄၀ နာရီ)

ခြေစစ်ပွဲအောင်မြင်ပြီးသား ဂျပန်အသင်းအနေနဲ့ သြစတြေးလျကို လက်တွဲခေါ်မလား စောင့်ကြည့်ရမယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဂျပန်က အိမ်ကွင်းမှာ ဆော်ဒီအာရေဗျကို သရေကစားပြီး အမှတ်ခွဲပေးခဲ့တယ်။ ဂျပန်အသင်းအဖို့ အုပ်စုပထမနေရာ တောင် သေချာနေတဲ့အနေအထားမှာ သြစတြေးလျမြေလည်းဖြစ်လို့ အင်တိုက်အားတိုက်ကစားဖို့ဆိုတာ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းနည်းပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ဂျပန်အသင်းက အပြတ်အသတ်သာနေတယ်။ ၂၀၀၉ ခုနှစ်ကတည်းက သြစတြေးလျအသင်း ဂျပန်ကို အနိုင်မရတော့တာဖြစ်တယ်။ ဒါပေမဲ့ သြစတြေးလျတို့ ခြေစစ်ပွဲနောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားလို့ ယုံကြည်မှု ရှိနေနိုင်တယ်။ အမှတ်မလိုတော့တဲ့ ဂျပန်ထံက အမှတ်ပြည့်ရခဲ့ရင် နောက်ဆုံးပွဲရလဒ်လည်း မလိုအပ်တော့ဘူး။ သြစတြေးလျပဲ ကြိုက်တယ်။

အင်ဒိုနီးရှား နှင့် တရုတ် (မြန်မာစံတော်ချိန် ကြာသပတေးည ၈း၁၅ နာရီ)

အင်ဒိုနီးရှားအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက် ရှိသေးပေမဲ့ ဖြစ်နိုင်ခြေက အတော်နည်းပါတယ်။ အဖြစ်နိုင်ဆုံးက စတုတ္ထအဆင့် တက်ရောက်ပြီး မျှော်လင့်ချက် အသက်ဆက်ဖို့ပါပဲ။ တရုတ်ကတော့ ဒီပွဲနိုင်ရင် အ ဆင့်(၃၊ ၄)နေရာလောက်တော့ ရည်မှန်းလို့ ရနေသေးတယ်။ ဒါပေမဲ့ ပရိသတ်အားရှိတဲ့ အင်ဒိုနီးရှားအသင်းကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

ဘာရိန်း နှင့် ဆော်ဒီအာရေဗျ (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

ဘာရိန်းအသင်း စတုတ္ထအဆင့်တက်ခွင့် မျှော်လင့်ချက် ရှိနေသေးလို့ ဆော်ဒီအာရေဗျ မလွယ်လောက်ဘူး။ ဘာရိန်းနဲ့ စွန့်စားတာပိုကောင်းမယ်။

ယူအေအီး နှင့် ဥဇဘက်ကစ္စတန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

ယူအေအီးအသင်းအတွက်တော့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်ပါတယ်။ ဥဇဘက်ကစ္စတန်အသင်းက သရေလောက် ထိန်းကစားနိုင်ရင်ပဲ ခြေစစ်ပွဲအောင်ပါပြီ။ လက်ရှိအနေအထားအရလည်း ဥဇဘက်ကစ္စတန်က ခူဆာနော့ဗ်၊ ရှိုမူရိုဒေါ့ဗ်တို့ရှိ နေလို့ ကစားသမားပိုင်းပါ အသာရနေတယ်။ ဒါပေမဲ့ ယူအေအီးကွင်းဖြစ်နေလို့ ဘာမဆိုဖြစ်သွားနိုင်ခြေ ရှိနေတယ်။ ယူအေအီး အမှတ်တော့ရမှာပါ။

အိုမန် နှင့် ဂျော်ဒန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁ဝး၃၀ နာရီ)

အိုမန်အနေနဲ့ အခုပွဲနိုင်ရင် အုပ်စုဒုတိယနေရာ မျှော်လင့်လို့ ရနိုင်သေးတယ်။ ဒါပေမဲ့ ခြေစွမ်းပိုကောင်းတဲ့ ဂျော်ဒန်ကိုပဲ ရွေးချယ်ချင်တယ်။

မြောက်ကိုရီးယား နှင့် ကာဂျစ္စတန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း ၄၅ နာရီ)

မြောက်ကိုရီးယားအသင်းက ဘာမျှော်လင့်ချက်မှ မကျန်တော့ပါဘူး။ ကာဂျစ္စတန်အသင်း အမှတ်ရအောင်ကစားမှာ သေချာပါတယ်။

ကာတာ နှင့် အီရန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၄၅ နာရီ)

ကာတာအသင်းက အဆင့်(၄)နေရာ သေချာဖို့ပဲ လုပ်ရတော့မယ့် အနေအထားပါ။ အုပ်စုရပ်တည်မှုအခြေအနေအရလည်း ကာတာအဖို့ ဒီနေရာက အမှန်တကယ် စွမ်းဆောင်နိုင်ဖို့ သိပ်မခက်ခဲတော့ဘူး။ အီရန်အသင်းကတော့ ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်လို့ အဝေးကွင်းမှာ ဖိဖိစီးစီးကစားဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ဖို့နဲ့ ပထမနေရာဂုဏ်သိက္ခာလောက်ပဲ ရှိတော့တာပါ။ ကာတာဘက်ကပဲ ရပ်တည်ချင်တယ်။

အီရတ် နှင့် တောင်ကိုရီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၄၅ နာရီ)

တောင်ကိုရီးယားအသင်း ခြေစစ်ပွဲ(၃)ပွဲဆက်တိုက် သရေကျခဲ့လို့သာ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ကြန့်ကြာနေတာဖြစ်တယ်။ ဒီပွဲလည်း တောင်ကိုရီးယား အမှားထပ်လုပ်လို့ရတဲ့ အနေအထားမှာ ရှိနေသေးတယ်။ နောက်ဆုံးပွဲမှာ ဂျော်ဒန်-အီရတ်တို့ ထိပ်တိုက်ရင်ဆိုင်ကစားရမှာဖြစ်လို့ တောင်ကိုရီးယား အခွင့်အရေးကောင်းနေတာဖြစ်တယ်။ ဘယ်လိုပဲပြောပြော တောင်ကိုရီးယားတို့ ဒီပွဲစဉ်မှာ ခြေစစ်ပွဲအောင်လက်မှတ်ကို အရယူနိုင်မလားတော့ စောင့်ကြည့်ရမယ်။ အီရတ်ကတော့ ခြေစစ်ပွဲအောင်ဖို့ အနီးစပ်ဆုံးအနေအထားရောက်ခဲ့ပေမဲ့ နောက်ပိုင်း ရလဒ်တွေ ဆိုးသွားလို့ ရုန်းကန်နေရတာပါ။ အထူးသဖြင့် နောက်ဆုံးပွဲမှာ မျှော်လင့်ချက်နည်းနေတဲ့ ပါလက်စတိုင်းအသင်းကို ရှုံးလိုက်တာက အီရတ်အသင်းကို ပိုပြီးအထိနာစေခဲ့တယ်။ ဒီပွဲတော့ အီရတ် သရေမျှော်လင့်လို့ရတယ်။

ကူဝိတ် နှင့် ပါလက်စတိုင်း (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၄၅ နာရီ)

ဇယားအောက်ဆုံးနှစ်သင်း အဆင့်(၄)နေရာ မျှော်လင့်ချက်အတွက် ရင်ဆိုင်ကြမှာဖြစ်တယ်။ ကူဝိတ်အသင်း အနိုင်နဲ့ သရေပါပဲ။

မူရင်းသတင်း — Eleven Media Group