
နယူးကာဆယ်အသင်းက မာလာဂါအသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် စပိန်ဆယ်ကျော်သက် တောင်ပံကစားသမား အန်တိုနီယိုကော်ဒီရိုကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။
အသက်(၁၈)နှစ်ပဲ ရှိသေးတဲ့ စပိန်ယူ-၁၉ ကစားသမားက ဇွန် ၃၀ မှာ မာလာဂါနဲ့ စာချုပ်သက်တမ်းကုန်မှာပါ။
ဒါကြောင့် ကော်ဒီရိုဟာ နယူးကာဆယ်အသင်းနဲ့ ဇူလိုင်(၁)မှာမှ ပူးပေါင်းနိုင်မှာပါ။
ကော်ဒီရိုကတော့ သူဟာ ရည်မှန်းချက်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်ကြောင်းနဲ့ နယူးကာဆယ်အသင်းမှာ ရနိုင်သမျှ ဆုဖလားအားလုံး ရယူသွားချင်တယ် လို့ ပြောကြားခဲ့ပါတယ်။
ကော်ဒီရိုက အမြင့်ဆုံးအဖြစ် စပိန်ဒုတိယတန်း(ဆီဂန်ဒါ)မှာသာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။