
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က ဒီနှစ် Ballon d'Or ဆုကို ဒမ်ဘီလီသာ ရသင့်တယ်လို့ ဆိုခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီက ၂၀၂၄-၂၅ ရာသီမှာ PSG အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့တာကြောင့် Ballon d'Or ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ဒါပေမဲ့ Nations League နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုမရခဲ့ရင် ပြိုင်ဘက်တွေက အသာစီးရသွားနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒေးရွှမ့်ကတော့ Nations League နဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ဒမ်ဘီလီ ကျရှုံးခဲ့ရင်လည်း ဒီနှစ် Ballon d'Or ဆုကို ရထိုက်တယ်လို့ ထောက်ခံပြောကြားခဲ့တာပါ။
ပရိသတ်ချို့ကတော့ Nations League မှာ စပိန်အသင်း အောင်မြင်မှုရခဲ့ရင် ယမားလ်က အားသာသွားနိုင်တာကြောင့် ဒီညယှဉ်ပြိုင်ရမယ့် စပိန်နဲ့ ပြင်သစ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲက အဆုံးအဖြတ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။