
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းဟာ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲအတွက် မေ ၈ ရက်မှာ ပဏာမကစားသမား ၃၀ ကျော်နဲ့ စခန်းဝင်လေ့ကျင့်ခဲ့ပြီး ပြည်တွင်းခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားကာ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၉ ရက်ကနေ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပမှာဖြစ်ပြီး အုပ်စု (A) မှာ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ တီမော၊ အုပ်စု (B) မှာ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ မလေးရှားအသင်းတို့ ပါဝင်နေပါတယ်။
မြန်မာအသင်းဟာ ဇွန် ၉ ရက်မှာ အိမ်ရှင်ဗီယက်နမ်အသင်း၊ ဇွန် ၁၁ ရက်မှာ လာအိုအသင်း၊ ဇွန် ၁၃ ရက်မှာ တီမောအသင်းတို့နဲ့ အုပ်စုပွဲတွေ ကစားရမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း
အုပ်ချုပ်သူ- ဒေါ်နွယ်နီဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လထနည်းပြ- ဦးသက်ပိုင်ဦး၊ ဒေါ်ခင်မိုးဝေ၊ ဂိုးနည်းပြ- ဦးကိုကိုအောင်၊
ဂိုးသမား- သူဇာအောင် (သစ္စာအားမာန်)၊ ပန်းနုဝေ (ဧရာဝတီ)၊ လှလှထွေး (YERO)
နောက်တန်း- ယုယုနိုင်၊ မင်းမင်းနု၊ ယမင်းဖြူ (ရန်ကုန်ယူနိုက်တက်)၊ သီရိနန္ဒာစိုး၊ အေးအေးစိုး (YERO)၊ ပင်မြင့်ယံ (Young Lionesses)၊ ခင်မိုးဝင်း၊ နိုင်နိုင်ဝင်း၊ သဲအိလှိုင် (ဧရာဝတီ)
အလယ်တန်း- ကေသွယ်ဖြိုးဦး၊ ယဉ်လွန်းအိမ်၊ စန္ဒာလင်း (အား/ကာသိပ္ပံ)၊ ဒေစီအောင်၊ နန်းချိုမွှေး (ရန်ကုန်ယူနိုက်တက်)၊ ဝင်းစန္ဒာ (ရှမ်းယူနိုက်တက်)
ရှေ့တန်း- အိသက်ဖြိုး (YERO)၊ မိုးပွင့်ဖြူ (အား/ကာသိပ္ပံ)၊ စုစုခင် (ဧရာဝတီ)၊ နှင်းစန္ဒာဝင်း (ရန်ကုန်တိုင်း)၊ ယုယနိုင် (ရှမ်းယူနိုက်တက်)