Eleven Media Group

ဥဇဘက်ကစ္စတန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်

Photo: FIFA

ဥဇဘက်ကစ္စတန်အသင်းဟာ ဒီနေ့ ယှဉ်ပြိုင်ကစားတဲ့ ယူအေအီးနဲ့ပွဲမှာ သရေရလဒ် ရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။
ဥဇဘက်ကစ္စတန်အသင်းက လက်ကျန်တစ်ပွဲအလိုမှာ အနီးဆုံးပြိုင်ဘက်ကို (၄)မှတ်ဖြတ်ထားနိုင်ခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်အသင်းတွေကိုပါ ထည့်တွက်ရင် ဥဇဘက်ကစ္စတန်က (၈)သင်းမြောက် ယှဉ်ပြိုင်ခွင့်ရရှိတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
ဥဇဘက်ကစ္စတန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိတာပါ။

မူရင်းသတင်း — Eleven Media Group