
မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
TyC Sports ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အသင်းဂိုးသမား အိုနာနာနဲ့ပဲ ရာသီကုန်အထိ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ အခုနွေရာသီမှာ အသင်းကနေထွက်ခွာလိုနေတဲ့ မာတီနက်ဇ်ကို ရောင်းချဖို့ စီစဉ်နေပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာနဲ့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ကစားသမားနဲ့ ဆွေးနွေးမှုတွေတောင် ပြုလုပ်နေတယ်လို့ ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။