Eleven Media Group

■ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့်ပေးဖို့ အေစီမီလန်အသင်းကို အသင်းဂိုးသမား မီနွန် တောင်းဆို

အေစီမီလန်ဂိုးသမား မီနွန်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ပေးဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးအသင်းဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့တဲ့ ပြင်လက်ရွေးစင်ဂိုးသမား မီနွန်ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အခုအခါ မီနွန်ကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေပြီး အေစီမီလန်အသင်းကို အသင်းကနေထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြတာပါ။

အေစီမီလန်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့တဲ့ မီနွန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀) နဲ့ ပေါင် (၂၅) သန်းကြား အလိုရှိနေပြီး ချယ်လ်ဆီးအသင်းက အဲဒီကြေးကို ပေးချေဖို့ အသင့်ရှိတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး လက်ရှိမှာ တန်းဆင်းသွားတဲ့ အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်(၂၂ နှစ်) ခေါ်ယူထားသလို ဒေါ့မွန်တောင်ပံကစားသမား ဂစ်တင်စ် (၂၀ နှစ်)ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group