Eleven Media Group

■ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လက်ရွေးစင်အသင်းကို ကိုင်တွယ်လိုတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ

Photo: Getty Images

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ အနာဂတ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံလက်ရွးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်လိုတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

နာမည်ကျော် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းကို အနာဂတ်မှာတော့ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ ဒါမှမဟုတ် ကိုပါအမေရိကပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်နည်းပြလိုတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက "ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းကို ကိုင်တွယ်ချင်တယ်။ ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲဝင် အသင်းကို ကိုင်တွယ်နည်းပြချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီလိုပြိုင်ပွဲဝင် လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရဖို့ အမြဲတမ်းတွေးနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ဆိုတာ အကြောင်းအရာတွေအများကြီးအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ အဲဒီလိုဖြစ်လာမယ်ဆိုရင် ကောင်းမှာပါ။ မဖြစ်လာဘူးဆိုရင်လည်း ကျွန်တော်ကတော့ အဆင်ပြေပါတယ်"လို့ ပြောကြားခဲ့တာပါ။

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကမှ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။ ဒါပေမဲ့ အသင်းရဲ့လူစာရင်းက များလွန်းတာကြောင့် မလျှော့ပေးရန် ရာထူးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါကြောင့် ဂွါဒီယိုလာရဲ့ မန်စီးတီးနည်းပြဘဝဟာ သိပ်မကြာတော့ဘဲ မကြာခင်မှာ အဆုံးသတ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group