Eleven Media Group

■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

ကိုလံဘီယာ - ပီရူး (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၃:၀၀ နာရီ)
ကိုလံဘီယာအသင်းက ခြေစစ်ပွဲနောက်ဆုံး လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့တယ်။ ဒါပေမဲ့ ပွဲကျပ်တွေ ကစားခဲ့ရတဲ့ အနေအထားဖြစ်ခဲ့တာကိုတော့ ထည့်တွက်ရမယ်။ ကိုလံဘီယာ က ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မယ့် အဆင့်(၆)နေရာမှာ ရှိ နေပေမဲ့ ဗင်နီဇွဲလားနဲ့ (၅)မှတ်သာကွာလို့ စိတ်တော့ မချရသေးဘူး။ ပီရူးကလည်း လက်ရှိပုံစံနဲ့ အဆင့်(၇)နေရာတောင် မှန်းလို့ ရနိုင်ခြေ မရှိဘူး။ ကိုလံဘီယာအသင်း အိမ်ကွင်းကစားရမှာဖြစ် လို့ ပရိသတ်ကျေနပ်အောင် လုပ်ပြဖို့လိုနေတယ်။ နိုင်ပွဲပြန်ရှာ မယ့် ကိုလံဘီယာကိုပဲ ရွေးချယ်ချင်တယ်။


ဗင်နီဇွဲလား - ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် ဇွန် ၇ ရက် နံနက် ၄:၃၀ နာရီ)
Play-offs ကစားခွင့် အဆင့်(၇)နေရာအတွက် အဆုံးအဖြတ်ပွဲလို့တောင် ပြောနိုင်တယ်။ ဗင်နီဇွဲလားအသင်း နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲမှာ (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှု ကို အဆုံးသတ်ပြီး နိုင်ပွဲပြန်ရထားတယ်။ နှစ်သင်းစလုံးက အိမ် ကွင်းအားပြုကစားတတ်တဲ့ အသင်းတွေဖြစ်ပြီး ဗင်နီဇွဲလားက ခြေစစ်ပွဲ အိမ်ကွင်းပွဲတွေမှာ ရှုံးပွဲမရှိသေးဘူး။ ဘိုလစ်ဗီးယားအသင်းကတော့ ခြေစစ်ပွဲ အဝေးကွင်းမှာ ချီလီကိုသာ အနိုင်ရထား ပြီး (၆)ပွဲအထိ အရေးနိမ့်ခဲ့တာ တွေ့ရတယ်။ ဗင်နီဇွဲလား နိုင်ဖို့ များပေမဲ့ ဂိုးမပြတ်နိုင်ဘူး။

မူရင်းသတင်း — Eleven Media Group