
ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က အသင်းနည်းပြ အန်ဆယ်လော့တီလက်ထက်မှာ သူတို့အသင်း ပိုတိုးတက်လာမယ်လို့ ပြောကြားခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ သူ့ရဲ့ဘရာဇီးလ်နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် အီကွေဒေါအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စတင်ကိုင်တွယ်ခဲ့တာပါ။
ဇွန် (၅) ရက်က ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဘရာဇီးလ်အသင်းဟာ အိမ်ရှင် အီကွေဒေါအသင်းကို ဘောလုံးပိုင်ဆိုင်မှုအ သာစီးနဲ့ ကစားနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းနိုင်တာကြောင့် ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ရပါတယ်။
ဒါကြောင့် အဲဒီပွဲစဉ်အပြီးမှာ ဘရာဇီးလ် နည်းပြသစ် အန်ဆယ်လော့တီဟာ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဗင်နီစီယပ်စ်က "အန်ဆယ်လော့တီ ဘရာဇီးလ်အသင်းကို လာရောက်နည်းပြတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာလို့လဲတော့ အန်ဆယ်လော့တီက ကျွန် တော့်ကစားသမားဘဝတစ်လျှောက် လက်တွဲခဲ့တဲ့နည်းပြတွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။ သူ ဒီ(ဘရာဇီးလ်အသင်း)မှာ ရှိနေတာထက် ပိုကောင်းတဲ့အရာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းနည်းပြ အန်ဆယ် လာ့တီနဲ့အတူ သုံးရက်ပဲ လေ့ကျင့်ခဲ့ရပြီး အီကွေဒေါနဲ့ပွဲကို ကစားခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပိုတိုးတက်လာပြီး ပိုကောင်းလာမှာပါ။ အန်ဆယ်လော့တီအနေနဲ့ အဲဒီ လိုလုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်နေပြီဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အားလုံးအတူတကွ ရှိနေဖို့ လိုပါတယ်။ တောင်အမေရိကဇုန်မှာ ခြေစစ်ပွဲအောင်မြင်ဖို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ"လို့ ပြောကြားခဲ့တာပါ။