Eleven Media Group

■ ရေးဗားပလိတ်အသင်းက ဆယ်ကျော်သက်ကြယ်ပွင့်ကို ရီးယဲလ်အသင်း ယူရို ၄၅ သန်းပေးပြီး ခေါ်ယူမယ်

Photo: EFE

ရီးယဲလ်မက်ဒရစ်အသင်းဟာ အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းက ဆယ်ကျော်သက်ကြယ်ပွင့် မာစတန်တိုနိုကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

၁၇ နှစ်သာရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ ရီးယဲလ်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုမှာပါ။

၎င်းအနေနဲ့ သြဂုတ်လမှ ရီးယဲလ်အသင်းကို လာရောက်ပူးပေါင်းဖို့ ရှိပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေးဗားပလိတ်အသင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့ အသင်းနဲ့ပူးပေါင်းမှု နောက်ကျမှာဖြစ်ပါတယ်။

မာစတန်တိုနို(၁၇ နှစ် ၂၉၅ ရက်)ဟာ အာဂျင်တီးနားအသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲပွဲစဉ်တွေမှာ အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူအဖြစ် ချီလီနဲ့ပွဲမှာ လူစားဝင်ကစားပြီး မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။

၎င်းဟာ ၁၉၆၀ တောင်အမေရိကချန်ပီယံရှစ်ပြိုင်ပွဲမှာ ဟယ်ဆင်ဂါ(၁၈ နှစ် ၁ လ ၆ ရက်)ရဲ့စံချိန်ကို ချိုးဖျက်ခဲ့တာဖြစ်တယ်။

မူရင်းသတင်း — Eleven Media Group