Eleven Media Group

■ စပါးအသင်းနည်းပြသစ်အဖြစ် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ် အပြတ်အသတ် ရေပန်းစားနေ

Photo: Gettyimages

စပါးအသင်းဟာ ယူရိုပါဖလား ရယူပေးခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ပြီးနောက် အသင်းနည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခြေရှိသူစာရင်းမှာ သောမတ်စ်ဖရန့်ခ်က အပြတ်အသတ် ရေပန်းစားနေပါတယ်။

ပိုစတီကိုဂလူး(၅၉ နှစ်)ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရကာ ၁၇ နှစ်အတွင်း အသင်းအတွက် ပထမဆုံးဖလား ရယူပေးခဲ့ပေမဲ့ ၁၆ ရက်အကြာမှာ ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်တယ်။

၎င်းက သူ့စကားအတိုင်း ဒုတိယရာသီမှာ ဆုဖလားရယူလေ့ရှိတဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

စပါးအသင်းရဲ့ ပရီးမီးယားလိဂ် စွမ်းဆောင်ရည်ကလည်း ရာထူးက ထုတ်ပယ်ခံရမှုမှာ အဓိကကျခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၂၂ ပွဲ အရေးနိမ့်ပြီး အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအဖြစ် အဆင့် ၁၇ နေရာသာ ရပ်တည်ခဲ့ပါတယ်။

လက်ရှိမှာ စပါးအသင်းနည်းပြသစ်အဖြစ် ဘရန့်ဖို့ဒ်အသင်းနည်းပြဖြစ်တဲ့ သောမတ်စ်ဖရန့်ခ်က ၃း၁၀ လေးနဲ့ အပြတ်အသတ် ဦးဆောင်နေတာပါ။

ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ၄း၁ လေး၊ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စနာက ၉း၁ လေး၊ ဘာစီလိုနာနည်းပြဟောင်း ရှာဗီက ၁၂း၁ လေး၊ အစ်ဆွစ်ချ်နည်းပြ မစ်ကန်နာ၊ ဘုန်းမောက်နည်းပြ အီရာအိုလာနဲ့
မစ်ဒယ်ဘရော့အသင်းက ထုတ်ပယ်ခံထားရတဲ့ စပါးကစားသမားဟောင်း မိုက်ကယ်ကာရစ်တို့က ၁၆း၁ လေးစီ ရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group