
မန်ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းက ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူး အမ်ဘူမိုအတွက် ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
မန်ယူနိုက်တက်အနေနဲ့ ပေါင် ၄၅ သန်း+ Add-ons ကြေး ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဘရန့်ဖို့ဒ်အသင်းက ပယ်ချခဲ့ပါတယ်။
အခုကမ်းလှမ်းမှုဟာ ပေါင် သန်း ၆၀ နဲ့အထက် ရှိလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ESPN ကို ပြောခဲ့ပါတယ်။
မကြာသေးခင်က ပေါင် ၆၂.၅ သန်းနဲ့ ဝုလ်ဗ်အသင်းက ခေါ်ယူခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာရဲ့ပြောင်းရွှေ့ကြေးပမာဏနီးပါး ရှိလာခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အမ်ဘူမိုရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
အမ်ဘူမို(၂၅ နှစ်)ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။
၎င်းကို နယူးကာဆယ်အသင်းကလည်း စိတ်ဝင်စားနေပေမဲ့ မန်ယူနိုက်တက်အသင်းက လက်ဦးမှုရယူဖို့ ကြိုးပမ်းနေပါတယ်။