
တတိယလုပွဲ
ဂျာမနီ နှင့် ပြင်သစ် (မြန်မာစံတော်ချိန် တနင်္ဂနွေည ရး၃၀ နာရီ)
ဂျာမနီက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီကို အရေးနိမ့်ခဲ့ရတာကြောင့် တတိယလုပွဲသာ ကစားခွင့်ရခဲ့တာပါ။ ပေါ်တူဂီနဲ့ပွဲမှာ ဂျာမနီရဲ့ခြေစွမ်း ညံ့ခဲ့သလို၊ ပြင်သစ်ကလည်း စပိန်ကို (၄-၅)ဂိုးနဲ့သာ ကပ်ပြီးရှုံးခဲ့တယ်ဆိုပေမဲ့ (၃)ဂိုးကို နောက်မှ လိုက်သွင်းနိုင်ခဲ့တာပါ။ ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ခံစစ်ကြောင်းကို တတိယလုပွဲမှာတော့ နည်းပြ ဒေးရွှမ့်က အပြောင်းအလဲ လုပ်လာဖို့ များပါတယ်။ တတိယလုပွဲဆိုပေမဲ့ အကြိတ်အနယ်ရှိမှာ သေချာနေပြီး ပြင်သစ်အသင်းကို ပိုကြိုက်ပါတယ်။
ဗိုလ်လုပွဲ
ပေါ်တူဂီ နှင့် စပိန် (မြန်မာစံတော်ချိန် တနင်္လာနံနက် ၁း၃၀ နာရီ)
ပေါ်တူဂီက မထင်မှတ်ဘဲ ဗိုလ်လုပွဲကို တက်လှမ်းလာတဲ့အသင်းလို့ ဆိုရမှာဖြစ်ပြီး ဒါကြောင့် ချန်ပီယံဆုအတွက် စပိန်အသင်းက တစ်ဖက်သတ်နီးပါး ရေပန်းစားနေပါတယ်။ ပြင်သစ်နဲ့ပွဲမှာ ပြသခဲ့တဲ့ စပိန်အသင်းရဲ့ ခြေစွမ်းကလည်း ကြိုက်လောက်စ ရာကောင်းခဲ့ပါတယ်။ အထူးသဖြင့် လူငယ်ကြယ်ပွင့် ယမားလ်က ထိန်းချုပ်ရခက်တဲ့ စွမ်းဆောင်ရည် ပြသနေပြီး နီကိုဝီလီယံစ်၊ ပတ်ဒရီတို့ကလည်း ပုံစံ ကောင်းပြနေကြပါတယ်။ စီရော်နယ်လ်ဒို ဦး ဆောင်တဲ့ ပေါ်တူဂီအသင်းကိုလည်း လျှော့တွက်လို့မရပေမဲ့ စပိန်ကို ယှဉ်နိုင်ဖို့တော့ မလွယ်ပါဘူး။ လက်ရှိချန်ပီယံ စပိန်အသင်းပဲ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အလားအလာများပါတယ်။