Eleven Media Group

Puma နဲ့ PGMOL နှစ်ရှည်စာချုပ် ချုပ်ဆို

Photo: Premier League

ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့(PGMOL)ဟာ ဝတ်စုံစပွန်ဆာအတွက် Puma နဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
PGMOL ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအထိ Nike နဲ့ လက်တွဲခဲ့ပြီး လာမယ့်ရာသီမှာ Puma နဲ့ ပြောင်း လဲလက်တွဲမှာပါ။
PGMOL က စာချုပ်သက်တမ်းကို အတိအကျ ဖော်ပြခြင်းမရှိခဲ့ဘဲ နှစ်ရှည်စာချုပ်လို့သာ ဖော်ပြခဲ့ပြီး ပရီးမီးယားလိဂ်၊ လိဂ်ချန်ပီယံရှစ်နဲ့ အင်္ဂလန်အောက်တန်းလိဂ်ပြိုင်ပွဲတွေအပါအဝင် အမျိုးသမီးပြိုင်ပွဲတွေမှာပါ ဒိုင်လူကြီးတွေက Puma ဝတ်စုံဝတ်ဆင်ပြီး ဆောင်ရွက်သွားမယ်လို့ လည်း ဖော်ပြခဲ့ပါတယ်။
Nike ဟာ ပရီးမီးယားလိဂ်ရဲ့ ဘောလုံးစပွန်ဆာအဖြစ် ရယူထားမှုကိုလည်း လာမယ့်ရာသီမှာ Puma ကို လွှဲပြောင်းပေးရတော့မှာဖြစ်လို့ Puma က အင်္ဂလန်ဘောလုံးလောကမှာ ဆက်တိုက်နေရာယူလာနိုင်တယ်လို့ ဆိုရမှာပါ။
နာမည်ကျော် ဂျာမန်ကုမ္ပဏီ Puma ဟာ လာမယ့်ရာသီမှာ လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေရဲ့ ဘောလုံးစပွန်ဆာအဖြစ်လည်း ဆောင်ရွက်သွားမှာပါ။

မူရင်းသတင်း — Eleven Media Group