
အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စီရော်နယ်လ်ဒိုက ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရအသင်းတွေဆီက ကမ်းလှမ်းမှု ရရှိထားပေမဲ့ အဲဒီပြိုင်ပွဲကို ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်(၁၄)မှာ စတင်ကျင်းပမှာဖြစ်ပြီး လက်ရှိအချိန်မှာ အဲဒီပြိုင်ပွဲအတွက် ကစားသမားခေါ်ယူခွင့် ပြုထားပါတယ်။
ဒါကြောင့် ပြိုင်ပွဲဝင်အသင်းတချို့က စီရော်နယ်လ်ဒိုကို ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြသလို၊ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကလည်း စီရော်နယ်လ်ဒိုကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဆင်နွှဲစေချင်တယ်လို့ မေလတုန်းက ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့ စီရော်နယ်လ်ဒိုက ''ကျွန်တော် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိနေမှာမဟုတ်ပါဘူး။ ကမ်းလှမ်းမှုတွေ အများကြီးရရှိထားပေမဲ့ ကျွန်တော့်အနေနဲ့ အရာအားလုံးကို လုပ်ဆောင်ဖို့ ကြိုးစားလို့ မရနိုင်ပါဘူး။ ကျွန်တော် ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်လို့ မရနိုင်ပါဘူး''လို့ ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက လက်ရှိအချိန်မှာ စပိန်လက်ရွေးစင်အသင်းနဲ့ UEFA Nations League ယှဉ်ပြိုင်နေရတာကြောင့်လည်း အဲဒီလို ပြောကြားခဲ့တာပါ။
စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ သက်တမ်းတိုးနိုင်မလား၊ အသင်းသစ်ပြောင်းရွှေ့ မလားဆိုတာ မရေမရာဖြစ်နေတုန်းပါပဲ။