
ဇွန် ၁၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပမယ့် ONE Friday Fights 112 ပြိုင်ပွဲမှာ မြန်မာဖိုက်တာသုံးဦး၏ရဲ့ တွဲဆိုင်းတွေ ပါဝင်လာမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲတွင် မြန်မာဖိုက်တာတွေဖြစ်တဲ့ သွေးလင်းထက်၊ မိုးထက်အောင်နှင့် စောမင်းမင်းတို့ ထိုးသတ်ခွင့်ရမှာဖြစ်ပြီး စောမင်းမင်းကတော့ ONE နဲ့ ပထမဆုံးထိုးသတ်ရမှာပါ။
သွေးလင်းထက်ဟာ ထိုင်းဖိုက်တာ ခရစ်ပတ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီး အဲ့ဒီတွဲဆိုင်းကို Co Main-Event အနေနဲ့ ကျင်းပမှာဖြစ်ပါတယ်။
သွေးလင်းထက်ဟာ ONE နဲ့ လေးပွဲထိုးသတ်ထားရာမှာ သုံးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး အခုနှစ်အတွင်း ထိုးသတ်ထားတဲ့ နှစ်ပွဲစလုံး အနိုင်ရထားသူပါ။
မိုးထက်အောင်ကတော့ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်နဲ့ ထိုးသတ်ရမှာဖြစ်ပြီး ONE နဲ့ သုံးပွဲ ထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။
မိုးထက်အောင်ဟာ ပထမဆုံးနှစ်ပွဲမှာ ဂျပန်ဖိုက်တာ နှစ်ဦးနဲ့ ထိုးသတ်ခဲ့ပြီး တိုမိုရာကို တတိယအချီမှာ ဒိုင်ပွဲရပ်၊ ကာဆူကီကို အမှတ်နဲ့ အနိုင်ရပေမယ့် အခုနှစ် ဇန်နဝါရီ ၃၁ ရက်က ထိုးသတ်တဲ့ ထိုင်းဖိုက်တာ ဆာမင်ဒမ်နဲ့ပွဲမှာ အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။
မိုးထက်အောင်နဲ့ ထိုးသတ်မယ့် ခွန်ပွန်နွိုင်ဟာ ONE နဲ့ ခုနစ်ပွဲအထိ ထိုးသတ်ထားသူဖြစ်ပြီး ငါးပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။
ခွန်ပွန်နွိုင်ဟာ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်ပြီး နောက်ဆုံးထိုးသတ်တဲ့ပွဲမှာ မြန်မာဖိုက်တာတစ်ဦးဖြစ်တဲ့ ဆွန်ရက်ကို အမှတ်နဲ့ အနိုင်ရရှိထားပါတယ်။