Eleven Media Group

စပါးအသင်းကို ပြန်လည်ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူးလို့ ပိုချက်တီနို ပြောကြား

Photo: Getty Images

လက်ရှိအချိန်မှာ အမေရိကန်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ပိုချက်တီနိုက စပါးအသင်းကို ပြန်လည်ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားနည်းပြ ပိုချက်တီနိုက စပါးအသင်းကို ၂၀၁၄ ကနေ ၂၀၁၉ အထိ ကိုင်တွယ်ခဲ့ဖူးသူဖြစ် ပြီး PSG နဲ့ ချယ်လ်ဆီးတို့ကို ကိုင်တွယ်ပြီးတဲ့နောက် ၂၀၂၄ စက်တင်ဘာမှာ အမေရိကန်လက်ရွေးစင်နည်းပြ ဖြစ်လာတာပါ။
စပါးအသင်းက ဇွန်(၆)ရက်မှာ နည်းပြ ပိုစတီကိုဂလူးနဲ့ လမ်းခွဲခဲ့ပြီး နည်းပြသစ်ခန့်အပ်ဖို့ လုပ်ဆောင် နေရာမှာ ပိုချက်တီနို ပြန်ရောက်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ပိုချက်တီနိုက လက်တွေ့မကျဘူး၊ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့တာပါ။
ပိုချက်တီနိုက အမေရိကန်လက်ရွေးစင်အသင်းမှာ ပျော်ရွှင်နေတာကြောင့် စပါးကို ပြန်ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်အသင်းက ပြိုင်ပွဲစုံ(၃)ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ပိုချက်တီနိုက နောက်ဆုံး(၁၀) နှစ်အတွင်း (၃)ပွဲဆက်ရှုံးတဲ့ ပထမဆုံးအမေရိကန်နည်းပြအဖြစ် မှတ်တမ်းဝင်ပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မူရင်းသတင်း — Eleven Media Group