
အသက် (၇၃)နှစ်ရှိပြီဖြစ်တဲ့ ၀ါရင့်နည်းပြကြီး ရာနီရေးရီဟာ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ပေးဖို့ လူမှုကွန်ရက်ကတစ်ဆင့် ပရိသတ်တွေရဲ့ တောင်းဆိုခြင်းခံခဲ့ရပါတယ်။
အီတလီအသင်းက အခုတစ်ပတ် စတင်ကစားရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေအသင်းကို (၀-၃)ဂိုုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီပွဲအပြီးမှာပဲ အီတလီပရိသတ်တချို့က အီတလီအသင်း ခြေစစ်ပွဲအောင်မြင်ဖို့ ရာနီရေးရီ ကယ်တင်ပေးမှဖြစ်တော့မယ်လို့ တောင်းဆိုခဲ့ကြတာပါ။
အီတလီအသင်းက ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ပရိသတ်တချို့က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရမှာကိုလည်း စိုးရိမ်နေကြပါတယ်။
လက်ရှိနည်းပြ စပယ်လက်တီလက်ထက်မှာ နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်နေတာကြောင့်လည်း နည်းပြအပြောင်းအလဲဖြစ်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
ရာနီရေးရီက ပြီးခဲ့တဲ့လကပဲ နည်းပြလောကက အနားယူခဲ့ပြီဖြစ်ပေမဲ့ ပထမတစ်ကြိမ် အနားယူပြီးမှ ရိုးမားအသင်းကို ပြန်လည်ကိုင်တွယ်ခဲ့တဲ့ သာဓကရှိထားတာကြောင့် ပရိသတ်တွေက တောင်းဆိုနေတာပါ။
လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ ရာနီရေးရီဟာ ဂရိလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ရာမှာတော့ အောင်မြင်မှုမရခဲ့ပါဘူး။