
ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းက အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာ ကိုဗစ်ဖြစ်နေတယ်လို့ စနေနေ့က အတည်ပြုကြေညာခဲ့ပါတယ်။
နေမာ ကိုဗစ်ဖြစ်နေတာကို ကြာသပတေးနေ့က သိရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက နေအိမ်မှာပဲ ကုသမှုခံယူဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ဆန်းတို့စ်အသင်းက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
နေမာဟာ PSG အသင်းမှာ ယှဉ်ပြိုင်ကစားစဉ် ၂၀၂၁ မေလတုန်းကလည်း ကိုဗစ်ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းက (၄)လလောက်ကြာမှ လေ့ကျင့်မှု ပြန်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နေမာက ဆန်းတို့စ်အသင်းမှာ ကစားသမားဘဝ အစပြုခဲ့သူဖြစ်ပြီး ဒီနှစ် ဇန်နဝါရီမှာမှ ဆန်းတို့စ်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာတာပါ။
နေမာက ဧပြီလအတွင်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ဘိုတာဖိုဂိုနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ အနီကတ်ပြစ်ဒဏ်ကြောင့်လည်း ပွဲပယ်ခံထားရပါတယ်။
သူ့ကို ဆန်းတို့စ်အသင်းက ဇွန်လကုန်အထိသာ စာချုပ်ချုပ်ဆိုထားပြီး သက်တမ်းတိုးမတိုး မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။