Eleven Media Group

မော်လ်ဒိုဗာနဲ့ပွဲက အီတလီနည်းပြဘဝ နောက်ဆုံးပွဲလို့ စပယ်လက်တီ ပြောကြား

Photo: Getty Images

အီတလီလက်ရွေးစင်အသင်းနည်းပြ စပယ်လက်တီက တနင်္လာနေ့မှာ ယှဉ်ပြိုင်ရမယ့် မော်လ်ဒိုဗာနဲ့ ပွဲဟာ သူ့ရဲ့ အီတလီနည်းပြဘဝ နောက်ဆုံးပွဲ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။
စပယ်လက်တီက နော်ဝေကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာပဲ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက သူ့ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
စပယ်လက်တီက နာပိုလီအသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးပြီးတဲ့နောက် ၂၀၂၃ စက်တင်ဘာမှာ အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
ဒါပေမဲ့ သူ့လက်ထက်မှာ အီတလီအသင်းရဲ့ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး (၂၃)ပွဲကိုင်တွယ်ရာမှာ (၁၁)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၆)ပွဲရှုံးခဲ့ပါတယ်။
ဒါကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက မော်လ်ဒိုဗာနဲ့ပွဲအထိပဲ တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
အီတလီအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရိုးမား နည်းပြဟောင်း ရာနီရေးရီနဲ့ အယ်လ်နာဆာနည်းပြ ပီအိုလီတို့ ရေပန်းစားနေပါတယ်။

မူရင်းသတင်း — Eleven Media Group