
ဒေါ့မွန်အသင်းဟာ ဆန်းဒါးလန်းအသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား ဂျုတ်ဘ်ဘယ်လင်ဂမ်ကို ပေါင်(၃၁)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ဂျုတ်ဘ်ဘယ်လင်ဂမ်(၁၉ နှစ်)ဟာ ရီးယဲလ်မက်ဒရစ်ကစားသမား ဂျုဒ်ဘယ်လင်ဂမ်ရဲ့ ညီဖြစ်ပြီး အစ်ကို့လိုပဲ ဒေါ့မွန်အသင်းကို ရွေးချယ်ခဲ့တာပါ။
ဂျုတ်ဘ်ဘယ်လင်ဂမ်ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းများစွာ ရှိနေတဲ့အနက် ဒေါ့မွန်အသင်းက လက်ဦးမှုယူနိုင်ခဲ့တာဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင်(၂၆.၉၆)သန်းနဲ့ Add-ons ကြေး ပေါင်(၄.၂)သန်းပေးရမယ်လို့ သိရပါတယ်။
ဆန်းဒါးဆန်းအသင်းက ဒေါ့မွန်အသင်း တခြားအသင်းဆီ ရောင်းထုတ်ခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ (၁၅)ရာခိုင်နှုန်းခံစားခွင့်ရမယ့် သဘောတူညီမှုလည်း ရယူခဲ့ပါသေးတယ်။
ဒေါ့မွန်အသင်းက ကလပ်ကမ္ဘာ့ဖလားပွဲ ဆင်နွှဲရမှာ ဖြစ်လို့ အဲဒီပြိုင်ပွဲအမီ ဂျုတ်ဘ်ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။